MyanHealth Emergency Guide

First aid steps at your fingertips

ထိခိုက်ဒဏ်ရာမှ သွေးထွက်များသောအခါ (Severe Bleeding)

သွေးထွက်လွန်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်သဖြင့် ချက်ချင်း သွေးတိတ်အောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ သန့်ရှင်းသော အဝတ်ဖြင့် ဒဏ်ရာကို တိုက်ရိုက်ဖိထားပြီး နှလုံးထက်မြင့်အောင် မြှောက်ထားပါ။ သွေးစိုနေသော အဝတ်ကို လုံးဝ မဖယ်ရှားဘဲ အပေါ်မှ ထပ်အုပ်ပေးပါ။

Critical

နှလုံးဖောက်ပြန်သည်ဟု သံသယရှိလျှင် (Suspected Heart Attack)

ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း၊ ချွေးစေးပြန်ခြင်းတို့သည် နှလုံးဖောက်ပြန်ခြင်း လက္ခဏာများ ဖြစ်နိုင်သည်။ အရေးပေါ်အကူအညီ (၁၉၂) ချက်ချင်းခေါ်ပါ။ လူနာကို သက်တောင့်သက်သာ ထိုင်ခိုင်းပြီး အဝတ်အစားလျှော့ပေးပါ။ ဓာတ်မတည့်ခြင်းမရှိပါက အက်စပရင် ဝါးစားခိုင်းပါ။ လူနာကို လုံးဝ တစ်ယောက်တည်း ပစ်မထားပါနှင့်။

Critical

မီးလောင်ဒဏ်ရာ ရရှိခဲ့လျှင် (Burn Injuries)

မီးလောင်ဒဏ်ရာရလျှင် လုံးဝ ထိတ်လန့်မနေပါနှင့်။ ချက်ချင်း ရေအေး (Running Water) ဖြင့် ၁၀ မိနစ်မှ ၂၀ မိနစ်ခန့် လောင်းချပါ။ ရေခဲ၊ သွားတိုက်ဆေး၊ ငံပြာရည် လုံးဝ မသုံးရပါ။ အဝတ်အစားနှင့် လက်ဝတ်ရတနာများကို အမြန်ဆုံး ဖယ်ရှားပြီး သန့်ရှင်းသော ပိတ်စဖြင့် အုပ်ထားပါ။

Urgent

မြွေကိုက်ခံရလျှင် (Snake Bites)

မြွေကိုက်ခံရလျှင် လူနာကို မလှုပ်ရှားစေဘဲ ငြိမ်ငြိမ်နေစေပါ။ ကိုက်ခံရသောနေရာကို နှလုံးထက်နိမ့်အောင်ထားပါ။ ဒဏ်ရာကို ခွဲခြင်း၊ စုပ်ခြင်း၊ ကြိုးစည်းခြင်း (Tourniquet) လုံးဝ မလုပ်ရ။ လက်ဝတ်ရတနာများ ချက်ချင်းချွတ်ပြီး ဆေးရုံသို့ အမြန်ဆုံးသွားပါ။

Critical

သတိလစ်နေသော လူနာကို ရွှေ့ပြောင်းခြင်း (Moving an Unconscious Patient)

သတိလစ်နေသူကို တွေ့ရှိပါက ရှေးဦးစွာ မိမိအန္တရာယ်ကင်း/မကင်း စစ်ဆေးပါ။ မီးလောင်ခြင်း၊ ယာဉ်ကြောပိတ်ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိမှသာ လူနာကို ရွှေ့ပြောင်းပါ။ ကျောရိုးဒဏ်ရာမရှိဟု သေချာမှသာ ဘေးတိုက်စောင်း (Recovery Position) ထားပါ။ ပက်လက်အနေအထားသည် အန်ဖတ်နင်၍ အသက်ရှူလမ်းကြောင်းပိတ်နိုင်သဖြင့် ရှောင်ကြဉ်ပါ။

Critical

အဖျားကြီးခြင်း (Management of High Fever)

လူကြီး >၃၉°C (၁၀၂°F) နှင့် ကလေး >၃၈°C (၁၀၀.၄°F) ကျော်လျှင် အဖျားကြီးသည်ဟု သတ်မှတ်သည်။ အပူချိန်ကို တိကျစွာတိုင်းတာပြီး ပိုလျှံနေသော အဝတ်/စောင်များကို ဖယ်ရှားပါ။ ပါရာစီတမောကို ကိုယ်အလေးချိန်အလိုက် တိုက်ကျွေးပြီး ရေများများတိုက်ပါ။ ရေခဲရေ သို့မဟုတ် ရေအေးဖြင့် ရေပတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။

Urgent

အရိုးကျိုးသည်ဟု သံသယရှိလျှင် (Suspected Fracture)

လူနာကို မလိုအပ်ဘဲ လုံးဝ နေရာမရွှေ့ပါနှင့်။ ထိခိုက်မိထားသော ခြေ/လက်ကို မူလတွေ့ရှိရသည့် အနေအထားအတိုင်း ငြိမ်အောင်ထားပါ။ အရိုးကို အတင်းပြန်ဆက်ရန် မကြိုးစားပါနှင့်။ ရေခဲကို အဝတ်ပတ်၍ ကပ်ပေးနိုင်ပြီး အစာနှင့် ရေ တိုက်ကျွေးခြင်းကို ရှောင်ကြဉ်ပါ။

Urgent

အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (Choking)

လူနာသည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေပါက ချောင်းဆိုးရန် အားပေးပါ။ အသံမထွက်နိုင်တော့ပါက ကျောရိုက်ခြင်း (Back blows) ၅ ချက် နှင့် ဝမ်းဗိုက်ကို ပင့်တွန်းခြင်း (Heimlich maneuver) ၅ ချက်ကို တစ်လှည့်စီ ပြုလုပ်ပါ။ လူနာ သတိလစ်သွားပါက CPR ချက်ချင်းစတင်ပါ။ (မှတ်ချက် - ကိုယ်ဝန်ဆောင်နှင့် ၁ နှစ်အောက် ကလေးများအတွက် ဝမ်းဗိုက်မဖိရ)။

Critical